Wednesday, April 16, 2014

Bootmgr Is Missing Error Vista ဖြေရှင်းနည်း


ကျွန်တော်အခု အကိုတစ်ယောက်လည်း မေးထားတာ ရှိပါနဲ့ တစ်ခြား မသိသေးတဲ့ သူတွေပါ အခုလို Error မျိုးကြုံလာမယ် ဆိုရင် အလွယ်တကူ ဖြေရှင်းလို့ရအောင် ပို့စ်လေးတစ်ခု အနေနဲ့ တင်ပေးလိုက်ပါတယ် ..  အရင်ဆုံး ကျွန်တော်တို့ ဒီ Error မျိုး တက်ပြီဆိုရင် Windows ကို Repair လုပ်ပေးလိုက်ပါ ကျွန်တော် Repair လုပ်နည်း အဆင့်ဆင့်ကိုလည်း အောက်မှာ ပုံလေးတွေနဲ့ အသေးစိတ် ဖော်ပြပေးထားပါတယ် ..






ဒီအဆင့်ပြီးပြီ ဆိုရင်တော့ မိမိတို့ စက်ဟာ Restart ကျသွားပါလိမ့်မယ် .. ပြီးရင် အပေါ်ကအဆင့်တွေအတိုင်း ပြန်သွားပြီး System Recovery Option ကိုရောက်တဲ့အခါကျရင် Commant Prompt ကိုဖွင့်လိုက်ပါ .. ပြီးရင် အောက်မှာ ပေးထားတဲ့ Command လေးကိုရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ .. ပြီးရင် စက်ကို Restart ချလိုက်ပါ ..

bootrec /fixboot
အပေါ်ကအဆင့်တွေ အတိုင်း ပြီးသွားပြီဆိုရင်တော့ Bootmgr Is Missing Error ကိုဖြေရှင်းလို့ ရသွားပါလိမ့်မယ်..
အားလုံးပဲအဆင်ပြေကြပါစေ....ကျေးဇူးတင်ပါတယ်ခင်ဗျာ..

နေမင်းမောင်
ဆီက ကူးယူလာတာပါ

No comments:

Post a Comment