ဒီဆော့ဝဲလ်လေးကို သူငယ်ချင်းတစ်ယောက်က တင်ပေးဖို့ တောင်းထားတာ အနည်းငယ်
ကြာသွားပါပြီ..။ အခုတလော ကျနော်အသုံးပြုနေတဲ့ အင်တာနက် Connection က
လုံးဝကို မကောင်းတဲ့အတွက် ကျနော့် Blog ကို ပြန်ကြည့်ဖို့တောင် အတော်လေး
ခက်ခဲနေပါတယ်..။ ဖိုင်တွေတင်ပေးဖို့ဆိုတာ ပိုဝေးပေါ့..။ အခုတောင် အားတုန်း
Wifi ရှိတဲ့ သူငယ်ချင်းတို့ရဲ့ နေရာတွေ လိုက်ပြီး အသုံးပြုနေလို့ ဒီနေ့
ဒီပိုစ့်ကို တင်ပေးဖြစ်တာပါ..။
ဒီဆော့ဝဲလ်လေးက Bluetooth နဲ့ အသုံးပြုရသလိုပဲ.. Bluetooth မရှိတဲ့
ကွန်ပျူတာတွေအတွက် အတော်လေး အဆင်ပြေစေပါတယ်..။ PC (Desktop)
တွေမှာဆိုရင်တော့ Wifi သုံးလို့ရအောင် Wireless Card စိုက်ထားတဲ့ PC တွေနဲ့
D-Link လို USB ပေါက်ကနေ အသုံးပြုလို့ရတဲ့ External Wireless Card
တပ်ဆင်ထားတဲ့ PC တွေမှာဆိုရင် ဒီကောင်လေးကို အသုံးပြုလို့ အဆင်ပြေပါတယ်..။
မိမိတို့ရဲ့ ဓါတ်ပုံတွေ၊ Video တွေနဲ့ ဆော့ဝဲလ်ဖိုင်တွေကို ကွန်ပျူတာနဲ့
ဖုန်းတွေ (သို့) ဖုန်းအချင်းချင်းပါ Bluetooth နည်းတူ အသုံးပြုလို့ ရမှာပဲ
ဖြစ်ပါတယ်..။ အားသာချက်က ဖိုင်တွေပို့တဲ့အခါ Bluetooth ထက် အဆပေါင်းများစွာ
ပိုမြန်ပါတယ်..။ ကွန်ပျူတာတွေမှာ ဆိုရင်တော့ Wifi ပါ ပြန်လည်
ထုတ်လွှတ်ပေးနိုင်ပါတယ်..။













