Wednesday, April 2, 2014

ဖုန်းအသုံးပြုတဲ့အခါ ကျန်းမာရေးမထိခိုက်အောင် ဘယ်လို ကာကွယ်မလဲ











စမတ်ဖုန်းကို နီးနီးကပ်ကပ် ကိုင်တွယ်အသုံးပြုတဲ့အခါ ရောင်ခြည်လှိုင်း(radiation)တွေဟာ ခန္ဓာကိုယ်ထဲကို ဖောက်ဝင် သွားပါတယ်။ ရေရှည်အသုံးပြုမယ်ဆိုရင် ကင်ဆာဖြစ်နိုင်ကြောင်း ပြောကြားချက်တွေ ရှိတဲ့အပြင် ဦးနှောက်မှတ်ညဏ် စွမ်းရည်ကို ထိခိုက်ခြင်း၊ အရုံစူးစိုက်မှုတွေ လျော့ကျခြင်း၊ မူးဝေခြင်း တွေကိုလည်း ဖြစ်စေပါတယ်။

 ဒီအချက်လေးတွေကတော့ သင့် စမတ်ဖုန်းကို အန္တရယ်ကင်းကင်း ဘယ်လို အသုံးပြုမလဲဆိုတာကို ရှင်းပြပေးထားပါတယ်။

နေ့စဉ်ရေရှည်ဖုန်းပြောရတဲ့လူဆိုရင် ဖက်ရှင်ဟောင်းနဲ့ ကြိုးဖုန်းတွေကို အသုံးပြုတာ အကောင်းဆုံးပါပဲ။ စကားပြောတုန်း လမ်းလျှောက်ရတာ ကြိုက်တယ်ဆိုရင်တော့ ကြိုးရှည်ရှည်လေး သုံးပါ။
ဖုန်းအသုံးပြုမှုကြာလေ ဖုန်းကထွက်တဲ့လှိုင်းတွေနဲ့ ထိတွေ့မှု များလေပါပဲ။ အကောင်းဆုံးနည်းလမ်းကတော့ နားကြပ်နဲ့ ပြောတာပါပဲ။

ဖုန်းပြောမဲ့အစား မက်ဆေ့ဂ်ျပို့လို့ရရင် မက်ဆေ့ဂ်ျပဲပို့ပါ။ မက်ဆေ့ဂ်ျရိုက်နေတဲ့အချိန်မှာလည်း ဖုန်းနဲ့ ခွာရိုက်ရင် အကောင်းဆုံးပါပဲ။

ဖုန်းခေါ်တဲ့အခါ လိုင်းချိတ်နေတဲ့အချိန်မှာ ဖုန်းကို နားနဲ့ ကပ်မထားပါနဲ့။ လိုင်းချိတ်နေတဲ့အချိန်မှာ radiation တွေကို ဖုန်းက ပိုသုံးပါတယ်။ လိုင်းချိတ်မိပြီဆိုတာ သေချာမှ ဖုန်းကို နားထောင်ပါ။

ဖုန်းပြောတဲ့အခါ ငြိမ်ငြိမ်လေးပြောတာ အကောင်းဆုံးပါပဲ။ ဖုန်းဟာ ပြောင်းလဲသွားတဲ့ အနေအထားအတိုင်း လိုက်ပြောင်းဖို့ လုပ်ရမှာradiation တွေကို ပိုမိုထုတ်ပါတယ်။
မသုံးတဲ့အချိန်မှာ လွယ်တဲ့အိပ်ထဲ ထည့်ထားတာ အကောင်းဆုံးပါပဲ။ ဘောင်းကျီအိတ်ထဲ ထည့်တဲ့ အလေ့အကျင့်လုပ်ထားတဲ့အခါ ပေါင်ခြံနဲ့ နီးနေတာကြောင့် စပန်း(sperm) အရေအတွက်ကို ၃၀ရာခိုင်နှုန်းလောက် လျော့ကျစေတယ်လို့ ဆိုပါတယ်။ ခန္ဓာကိုယ်ရဲ့ အဓိကကျတဲ့ အစိတ်အပိုင်း(အသည်း၊နှလုံး စသည်ဖြင့်)တွေနဲ့ ဝေးဝေးထားပါ။

နောက်ဆုံးအနေနဲ့ကတော့ ကလေးလေးတွေဟာ ဒီရောင်ခြည်တွေကို ပိုပြီး ထိခိုက်လွယ်တယ်ဆိုတာလည်း မမေ့ပါနဲ့ဦး။


Credit: ဖိုးသူတော် (www.phothutaw.com)

No comments:

Post a Comment