Thursday, April 17, 2014

Android Program ရေးရန် Software များ (IDE)

Android Programming ရေးသားနည်းကိုအခြေခံလေးတွေရေးခဲ့ပြီးပါပြီ။ အဲဒီတုန်းကတော့ Eclipse ကိုအဓိကသုံးပြီးရှင်းပြခဲ့ပါတယ်။ အခုတော့ Eclipse အပြင်အခြား Android Programming IDE တွေသုံးနိုင်ဖို့တင်ပြပေးလိုက်ပါတယ်။
Eclipse
  Eclipse ကတော့ Android Programming လုပ်ဖို့အတွက်လွယ်ကူကောင်းမွန်တဲ့ IDE တစ်ခုဖြစ်ပါတယ်။ Eclipse မှာ Professional Programmer တစ်ယောက်လိုအပ်မဲ့ Function တွေအစုံပါပါတယ်။ Android Programming အတွက် ADT Plug-In လိုပါတယ်။ အဲဒီအပြင် လိုအပ်မဲ့ Feature တွေကို Eclipse Market ကနေထပ်မံဖြည့်သွင်းနိုင်ပါတယ်။ ဒါပေမဲ့ Eclipse ရဲ့အားနည်းချက်က များပြားလွန်းတဲ့ Feature တွေကြောင့် အနည်းငယ်ရှုပ်ထွေးနိုင်ပါတယ်။ Plun-In တွေ Install လုပ်ချင်တဲ့အခါမှာလဲရွေးချယ်ရရှုပ်ထွေးတာမျိုးဖြစ်တတ်ပါတယ်။ အဲဒီအပြင် Eclipse ရဲ့လူပြောအများဆုံးအာနည်းချက်ကတော့ နှေးကွေးတာပါ။
Eclipse ကို ဒီမှာ Download ရယူနိုင်ပါတယ်။

IntelliJ IDEA
  Eclipse ထက်ပိုမိုသစ်လွင်ပြီး Android Programming အတွက်အလွန်သင့်တော်တဲ့ IDE တစ်ခုဖြစ်ပါတယ်။ Community Edition ကို Free ရယူနိုင်ပြီး ပိုမိုပြည့်စုံတဲ့ Ultimate Version ကိုလဲ ဝယ်ယူသုံးစွဲနိုင်ပါတယ်။ IntelliJ IDEA သုံးရတာကပိုပြီးအလုပ်ရှုပ်သက်သာစေပါတယ်။ လိုအပ်တဲ့ Feature တွေက အဆင်သင့်ပါနေတဲ့အတွက် Eclipse မှာလို Plug-In လိုက်ရှာနေစရာ မလိုပါဘူး။ နောက်ပြီးပိုသိသာလာတာက အမြန်နှုန်းပါ။ အားနည်းချက်ကတော့ စသုံးတဲ့သူတွေအတွက်အနဲငယ်အခက်အခဲတွေ့နိုင်ပါတယ်။
IntelliJ IDEA ကို ဒီမှာ Download ရယူနိုင်ပါတယ်။

Android Studio
  နောက်ဆုံးမှာတော့ Google က IntelliJ IDEA ကိုအခြေခံပြီး Android Programmin အတွက်ကိုယ်ပိုင် IDE တစ်ခုထုပ်လုပ်လိုက်ပါတယ်။ အဲဒါကတော့ Android Studio ပါ။ Android Studio ထွက်ရှိလာတဲ့အတွက် အရင်က Eclipse ကို ဆက်ပြီး Recommend မလုပ်တော့ပါဘူး။ Android Studio မှာတော့နာမည်နဲ့လိုက်အောင် Android အတွက်လိုအပ်တာတွေအကုန်ပါလာပါပြီ။ အားနည်းချက်ကတော့ Download Size က အပေါ်က၂ခုထက် ၃ဆလောက်ကြီးပါတယ်။ နောက်ပြီး တခြား Programming Language တွေအတွက်တွဲသုံးဖို့မသင့်တော်ပါဘူး။
Android Studio ကို ဒီမှာ Download ရယူနိုင်ပါတယ်။
 
မူရင်း--- http://giantdroid.blogspot.com/2013/08/IDEFORANDROIDPROGRAMMING.html

No comments:

Post a Comment