Thursday, April 17, 2014

Android Phone တွေမှာ Root လုပ်စရာမလိုပဲ မြန်မာဖောင့်ထည့်တဲ့နည်း

Android Phone တွေမှာ Root လုပ်စရာမလိုပဲ မြန်မာဖောင့်ထည့်တဲ့နည်းလမ်းလေးကို ပြာပြပါမယ်။ မြန်မာဖောင့် သွင်းဖို့အတွက် Zawgyi-one.pak, Fontomizer_0.8.apk နဲ့ Frozenkeyboard_1.1.3.apk ဆိုတဲ့ file သုံးခုကို
download အရင်ဆွဲရပါမယ်။ Download လုပ်ပြီးသွားရင် Download လုပ်ထားတဲ့ file သုံးခုကို မိမိဖုန်းရဲ့ SD CARD ထဲကိုထည့်လိုက်ပါ၊ ပြီးသွားရင် ပထမအနေနဲ့ မြန်မာဖောင့်သွင်းဖို့အတွက် အပေါ်မှာ ဖော်ပြထားတဲ့ application လေးတွေကို မိမိတို့ဖုန်းရဲ့ Android OS ထဲမှာ Install လုပ်လို့ဖို့အတွက် Unknow Sources ကိုသွားရွေးပေးထားဖို့လိုပါလိမ်မယ်။ ဒါမှသာ Android Market ထဲက မဟုတ်တဲ့ Application တွေကို မိမိတို့  Android OS ထဲမှာ Install လုပ်လို့ရမှာဖြစ်ပါတယ်။ အောက်က ပုံမှာပြထားသလို အဆင့်ဆင့် သွားပြီးလုပ်ပေးလိုက်ပါ၊

အရင်ဆုံး Setting ကိုသွားပါ ....



အောက်ကပုံမှာ ပြထားတဲ့အတိုင်း Unknow Sources ကို အမှန်ခြစ်လေး ပေးလိုက်ပါ၊ ဒါဆိုရင် မိမိတို့ Android OS ထဲမှာ Android Market ကမဟုတ်တဲ့ Application တွေကို Install လုပ်လို့ရသွားပါလိမ့်မယ်.....
အပေါ်က အဆင့်အတိုင်း ပြောင်းပြီးသွားပြီး ဆိုရင်တော့ Myanmar font နဲ့ Keyboard ကို Install လုပ်ဖို့ အတွက် အောက်မှာ ပြထားတဲ့အတိုင်း အဆင့်ဆင့်သွားလိုက်ပါ၊ ပထမဆုံး My File ကိုသွားလိုက်ပါ
ပြီးရင်စောစောက SD CARD ထဲကို ထည့်လိုက်တဲ့ Myanmar fonts ဆိုတဲ့ Folder လေးကိုဖွင့်လိုက်ပါ။
 အောက်ကပုံမှာ ပြထားတဲ့အတိုင်း Application သုံးခုတွေ့ပါလိမ့်မယ်၊ သုံးခုလုံးကို Install လုပ်လိုက်ပါ။


ကျွန်တော် Zawgyi - one .pak ဆိုတဲ့ ကောင်လေးကို နမူနာ Install လုပ်ပြထားပါတယ်။

အပေါ်က အဆင့်အတိုင်း Application သုံးခုစလုံးကို Install လုပ်ပြီးသွားပြီ ဆိုရင်တော့ မြန်မာဖောင့် ရေးလို့ရဖို့နဲ့ ဖတ်လို့ရဖို့ အတွက် အောက်မှာ ပြထားတဲ့ အဆင့်လေးတွေ အတိုင်းလိုက်ပြင်ပေးလိုက်ပါ...
အရင်ဆုံး မြန်မာလက်ကွက် ရိုက်လို့ရအောင် လုပ်ပါမယ်၊ အောက်ကပုံမှာ ပြထားတဲ့အတိုင်း Setting ကိုသွားလိုက်ပါ၊

အောက်ကပုံအတိုင်း Frozenkeyboard ကိုအမှန်ခြစ်လေးရွေးပေးလိုက်ပါ



 ပြီးရင် နောက်တစ်ဆင့် FrozenKeyboard အပေါ်မှာ ရှိတဲ့ Select input method ကို သွားလိုက်ပါ
ပြီးရင် အောက်ကပုံမှာ ပြထားတဲ့အတိုင်း Frozenkeyboard ကို ရွေးပေးလိုက်ပါ
အပေါ်က အဆင့်တွေ အတိုင်း ပြောင်းပေး ပြီးသွားပြီး ဆိုရင်တော့ မြန်မာ လက်ကွက်ကိုအသုံးပြုလို့ ရသွားပါလိမ့်မယ်၊ နောက်တစ်ဆင့် မြန်မာစာ ပေါ်အောင် အောက်က အဆင့်အတိုင်းသွားပြီး ပြောင်းပေးလိုက်ပါ။

အရင်ဆုံး Setting ကိုသွားလိုက်ပါ
ပြီးရင်အောက်က ပုံမှာ ပြထားတဲ့အတိုင်း Display ကိုသွားလိုက်ပါ



 
 အောက်က ပုံအတိုင်းပေါ်လာပြီ ဆိုရင်တော့ Zawgyi One TTF ကိုရွေးပေးလိုက်ပါ
ဒါဆိုရင်တော့ မိမိတို့ Android OS မှာ မြန်မာဖောင့်ကို ကောင်းကောင်းရေးလို့ ဖတ်လို့ရသွားပါလိမ့်မယ်။

Fonts Download Link

ဒီပို့စ်လေးကို PDF File နဲ့ လိုခြင်ရင် ဒီမှာယူသွားလိုက်ပါ


ဒီနေရာက ကူးယူလာတာပါ

No comments:

Post a Comment