Sunday, April 27, 2014

Android phone တွေမှာ power ဖွင့်လိုက်ရင်မြည်တဲ့အသံကို ကိုယ်ကြိုက်တဲ့အသံထားမယ်

မန္တလေးမှာ အစစအရာရာ အဆင်ပြေအောင် လိုလေသေးမရှိ ကူညီပေးခဲ့တဲ့ မောင်သိန်းစိုးကို ကျေးဇူးတင်တဲ့ အနေနဲ့ ဒီပို့စ်ကို ဒီမှာရေးပါတယ် ။
သိန်းစိုးက ဒီလိုလုပ်ချင်တယ် ပြောပါတယ် ။
ဒါပေမယ့် ကျနော်ကလည်း ကိုယ့် ဆမ်ဆောင်းအတွက်ပဲမှတ်ထားတော့ ပြန်မပြောဖြစ်ခဲ့ဘူးလေ။


Android phone တွေမှာ power ဖွင့်လိုက်ရင်ထွက်လာတဲ့အသံတွေကို ကိုယ်ပိုင် ringtone နဲ့ ပြောင်းလို့ ရပါပြီ။ကျွန်တော်ကတော့ Huawei U8818 မှာစမ်းပြီးသွားပါပြီ အဆင်ပြေပါတယ်။သူငယ်ချင်းများလဲ မိမိတို့ ဖုန်းတွေမှာ စမ်းကြည့်လိုက်ပါအုံးနော်။မိမိထည့်လိုက်တဲ့ သံစဉ်ကတော့ အရှည်ဆုံး 10 seconds လောက်ပဲထားသင့်ပါတယ်။

ကိုယ့် phone က root လုပ်ဖို့ လိုသည်။
root explorer apk ကို Phone မှာ install လုပ်ထားရပါမယ်။
 file format changeတဲ့ format factory လို software မျိုးလိုပါတယ်။
bootsound ပြုလုပ်ချင်သည့်သီချင်းကို format factory ဖြင့် .ogg သို့  change(Use Computer) ပါ။
Change ပြီးသွားရင် file name ကို bootSound.ogg သို့ ပြောင်းရပါမယ်။ပြီးလျှင် SD card ထဲကူးပါ။
root explorer ကို ဖွင့်ပါ။ cust/unicom/cn/media/audio/animationsounds သို့အဆင့်ဆင့် သွားပြီး ogg format ပြောင်းထားသည့် bootSound.ogg ကိုcopy ကူးထည့်ပါ။
root explorer ရဲ့ အပေါ်ညာဘက်ထောင့်မှာ Mount R/W ဖြစ်နေလျှင် R/O သို့  change ပြီးမှကူးပါ။
phone ကို power off ပြီးပြန်ဖွင့်ကြည့်ပါ။ ကိုယ်ပိုင် တီးလုံးနဲ့ လန်းနိုင်ပါပြီ။

No comments:

Post a Comment