Friday, April 18, 2014

Android PC Suit Pack 2013


ကမ္ဘာမြေ ငြိမ်းချမ်း ပါစေသား။
12/3, 1:57am
မင်္ဂလာပါအစ်ကို
အစ်ကို့ဆိုဒ်က Computer မှာ Android ဖုန်းတွေ အလုပ်လုပ်နိုင်အောင် USB Driver ထည့်နည်း ဆိုတဲ့ ပိုစ့်ကိုဖတ်ပြီး ဒီကောင်လေးအစ်ကို မတွေ့သေးဘူးထင်လို့ ရှယ်ပေးပါတယ်အစ်ကို... ကျတော်အစ်ကို့ဆိုဒ်ကို အမြဲအားပေးနေတဲ့ အစ်ကို့ပရိတ်သတ်တဦးပါခင်ဗျာ
  မြန်မာပြည်သားများ အတွက် အလွယ်တကူ အသုံးပြုလို့ ရအောင် ဆိုပြီး ကျနော့်ကို Facebook ကနေ ဆက်သွယ်ပြီး ပေးပို့လာတဲ့ ဒီ Android PC Suit Pack 2013 ဆော့ဝဲလ်ကို ဖုန်းတွေအတွက် USB Drivers တွေနဲ့ Root တူးလေးပါ တခါတည်း ပါဝင်တဲ့အတွက် တခြားလူများပါ အသုံးပြုလို့ ရအောင် ပြန်လည် မျှဝေပေးလိုက်ပါတယ်..။ ဒီဆော့ဝဲလ် အသုံးပြုပုံနဲ့ ပါတ်သက်လို့ ဆက်လက် မေးမြန်လိုတဲ့ သူများကတော့ ဒီအစ်ကိုရဲ့ Facebook ကို ဒီလင့်ကနေ သွားရောက်ပြီး ဆက်လက်မေးမြန်နိုင်ပါတယ်..။ https://www.facebook.com/soenaungnaungu
ဒါလေးက အခုမှ စတင်ကာ Mobile ကို ကွန်ပြုတာဖြင့် ချိတ်ဆက်အသုံးပြုမယ့် Mobile User များအတွက် သီးသန့် ဖြစ်ပါတယ် Samsung , HTC , Sony , Huawei စတဲ့ မြန်မာပြည်မှာ အသုံးများတဲ့ Mobile Phone များ ရဲ့ PC Suit များ Driver များကို ထည့်သွင်းပေးထားပြီး Root လုပ်နိုင်ဖို့ Root Tools ကိုပါ ထည့်သွင်းပေးထားပါတယ်။ အားလုံးဟာ 3.12.2013 အတွက် UPDATE တွေဖြစ်ပါတယ်... စုစုပေါင်း Download ဆွဲရမယ့် ဆိုက်ကတော့ 348 MB ရှိပါတယ်။ ရန်ကုန်က လူတွေကတော့ ပန်းပဲတန်းမြို့နယ် မှာ ရှိတဲ့ မောင်သစ် ဆီမှာ လာယူနိုင်ပါတယ်... အင်တာနက်ကနေ Download ဆွဲမယ့်သူတွေအတွက် လွယ်ကူအောင်တော့ 100 MB ဖိုင်လေးတွေ အဖြစ် ၄ ဖိုင် ခွဲပြီး UPLOAD တင်ပေးထားပါတယ်... သုံးမယ့် User တွေလဲ အသုံးပြုရလွယ်အောင် Install လုပ်ဖို့ One Click နှိပ်ယုံဖြင့် Install တန်းလုပ်နိုင်မှာပါ။ အောက်ပါ Mediafire Link တွင် Download ဆွဲနိုင်ပါသည်။

Download Link 

အပေါ်က ဒေါင်းလော့လင့်တွေကနေ ဝင်သွားတဲ့ အခါမှာတော့ အောက်က Facebook စာမျက်နှာနဲ့ ပေါ်လာရင် ဒေါင်းလော့ယူတတ်အောင် အောက်ကပုံလေးတွေကို ကြည့်ပြီး ဒေါင်းယူလို့ အဆင်ပြေမှာပဲ ဖြစ်ပါတယ်..။





ဒေါင်းလော့ဖိုင်တွေကို အောက်ကပုံအတိုင်း ကျနော့်စက်မှာ ပေါ်သလို ပေါ်ခဲ့မယ်ဆိုရင်တော့ ကျနော် ဖိုင်ဖြည်လိုက်တဲ့အတိုင်း ဖြည်ချလိုက်ရင် ဒီဖိုင်တွေ ပေါင်းပြီးသားကို ရရှိမှာ ဖြစ်ပါတယ်..။ တကယ်လို့ Winrar ပုံနဲ့ပဲ ဖိုင်အားလုံးပေါ်တယ်ဆိုရင်တော့ အပိုင်း-၁ ကနေ Extract Files ကို နှိပ်ပြီး ဖြည်လိုက်ရင် အဆင်ပြေပါတယ်..။ ဒီပုံတွေကတော့ ကျနော့်စက်မှာ ပေါ်တဲ့အတိုင်း လုပ်ပြထားခြင်းသာ ဖြစ်ပါတယ်..။




ဖိုင်တွေ အားလုံးဖြည်ချပြီးသွားရင်တော့ အောက်ကပုံအတိုင်း ၂-ချက်တောက်ပြီး အသုံးပြုဖို့ အဆင်သင့် ဖြစ်ပါပြီ..။ မိမိတို့ အသုံးပြုမယ့် ဖုန်းအမျိုးအစားအလိုက် PC Suit ဆော့ဝဲလ်တွေနဲ့ USB Driver တွေကိုတော့ အောက်ကပုံတွေမှာ ပြပေးထားအတိုင်း တခုစီ လိုက်နှိပ်ပြီး စက်ထဲကို Install ထည့်ပေးဖို့ လိုပါတယ်..။ ဒါမှသာ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်အသုံးပြုလို့ အဆင်ပြေမှာပါ..။


အောက်ကပုံမှာ မြင်နေရတဲ့ စာသားတွေထဲကနေ PC Suit ဆော့ဝဲလ်တွေကို မိမိတို့ အသုံးပြုမယ့် ဖုန်း အမျိုးအစားလိုက် တခုစီ ရွေးပြီး Install ထည့်ပါ..။


နောက်တခုကတော့ USB Driver တွေကိုလည်း ဖုန်း နဲ့ ကိုက်ညီတဲ့ Driver တွေကို ရွေးပြီး Install ထည့်ပေးလိုက်ပါ..။


အားလုံး အဆင်သင့်ဖြစ်သွားပြီ ဆိုရင်တော့ မိမိတို့ Root ဖေါက်ချင်တဲ့ ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီး အပေါ်ဆုံးက ပုံမှာ မြင်နေရတဲ့ Root Tool နေရာကနေ ကလစ်ပြီး၊ အောက်ကပုံအတိုင်း V Root နေရာကို ကလစ်ပြီး Root ဖေါက်နိုင်ပါပြီ..။

ကျနော့်မှာ စမ်းသုံးပြဖို့ ဖုန်းတွေ အဆင်သင့် မရှိတဲ့အတွက် နားလည်အောင် ၊ အသုံးပြုတတ်အောင်ပဲ စာသားနဲ့သာ ရှင်းပြပေးလိုက်ခြင်း ဖြစ်ပါတယ်..။ ဆက်လက်မေးမြန်းလိုရင်တော့ ဒီဆော့ဝဲလ်ကို ပြန်ရှယ်ပေးထားတဲ့ Facebook က အကိုဆီမှာ ဆက်လက် မေးမြန်းနိုင်ပါတယ်..။ အားလုံးပဲ အသုံးပြုတတ်၍ အဆင်ပြေကြပါစေ..။

No comments:

Post a Comment